Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

အရိုးကျီးပေါင်း

  • All Blogs
  • Bone and Joint Care
  • အရိုးကျီးပေါင်း
  • September 10, 2024 by
    Hsu Pyae Sone
    အရိုးကျီးပေါင်း


    ခေါင်းထဲကမူးသလို၊လက်ထဲကကျင်သလို၊ ခါးထဲကနာသလို ဖြစ်နေရင် အချင်းချင်းအရပ်ထဲကအခေါ်အရ ကျီးပေါင်းဖြစ်နေပြီ ထင်တယ် လို့ ပြောလေ့ရှိကြပါတယ်။ကျီးပေါင်းဆိုတာ ဘယ်လိုနားလည်ကြပါသလဲ???သစ်ပင်အမြစ်မှာ အပွေးတွေ တက်နေသလို လူ့ခန္ဓာကိုယ်ကအရိုးမှာ အပွေးတက်နေတာမျိုး မဟုတ်ပါဘူး။

    ကာလကြာရှည်အသုံးပြုထားတဲ့တံခါးပတ္တာတွေမှာ သံချေးတက်သလိုပဲ ဘဝတလျှောက်လုံးကျွန်မတို့ ခန္ဓာကိုယ်ကြီး မားမားမတ်မတ်ရပ်တည်နိုင်အောင် ထောက်ပံ့ပေးထားတဲ့ လည်ပင်းအရိုး၊ကျောဆစ်ရိုးနဲ့ ခါးမှာရှိတဲ့ အရိုးအဆစ်တွေကလည်း အချိန်ကြာလာတဲ့အခါ အရိုးနုနဲ့ အရိုးပြားလေးတွေ ပျက်စီးပွန်းပဲ့ရာကနေ အရိုးကျီးပေါင်းဖြစ်လာပါတော့တယ်။ပိုဆိုးလာရင်တော့ အရိုးပြားတခုနဲ့တခုကြားမှာရှိတဲ့ အာရုံကြောလေးတွေကို ဖိမိနိုင်ပြီး ထုံကျင်ခြင်းအစရှိတဲ့ အာရုံကြောလက္ခဏာတွေကိုပါ ခံစားရနိုင်ပါတယ်။

    အဖြစ်အများဆုံးကတော့ လည်ပင်းကျီးပေါင်းနဲ့ ခါးကျီးပေါင်းဖြစ်ပြီး ကျောရိုးကတော့ သိပ်ဖြစ်လေ့မရှိပါဘူး။လည်ပင်းကျီးပေါင်းဖြစ်ပြီဆိုရင် အရင်ဆုံး ဂုတ်နေရာက အမြဲလိုလိုတောင့်တင်းနေတာကို ခံစားရတတ်ပါတယ်။လည်ပင်းနဲ့ ဂုတ်တဝိုက်မှာ တင်းပြီး နာနေခြင်း၊ခေါင်းမူးခြင်းနဲ့ အာရုံကြောပိမိတဲ့အခြေအနေတွေမှာဆိုရင် လက်ချောင်းလေးတွေနဲ့ လက်တလျှောက်လုံးပါ ထုံကျင်ခြင်း၊နာခြင်းနဲ့ ပူခြင်းတို့ ဖြစ်တတ်ပါတယ်။

    ခါးကျီးပေါင်းဆိုရင်တော့ ခါးနောက်ဖက်တင်ပဆုံရိုးနားတဝိုက်မှာ နာကျင်တာ၊ဖြစ်တဲ့အာရုံကြောနံပါတ်ပေါ်မူတည်ပြီး ခြေဖဝါးပူခြင်း၊ပေါင်နဲ့ခြေသလုံးကြွက်သားများ နာကျင်ခြင်းတို့ ဖြစ်တတ်ပါတယ်။ကျီးပေါင်းကြောင့် အရိုးပြားများပျက်စီးမှု တဖြည်းဖြည်းပိုဆိုးလာခဲ့ရင်တော့ ခြေဖျားနဲ့ခြေချောင်းတွေ လှုပ်ရခက်ခဲခြင်း၊ဆီးမထိန်းနိုင်ခြင်း၊ဆီးကျန်သလို ခံစားရခြင်းနဲ့ ကြာကြာမတ်တပ်ရပ်လျှင်၊လမ်းလျှောက်များလျှင် ခြေသလုံးနဲ့ ခြေဖဝါးတို့မှာ မီးစနဲ့ထိုးသလို ပူခြင်းများ ဖြစ်တတ်ပါတယ်။

    ကျီးပေါင်းရှိတယ်လို့ ကိုယ့်ကိုယ်ကို သံသယရှိရင်တော့ ဖြစ်တဲ့နေရာကို အရိုးဓာတ်မှန်ရိုက်ခြင်း၊ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း နဲ့ သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် အရိုးနံပါတ်ဘယ်လောက်မှာ ပျက်စီးနေပြီဆိုတာကို ရှာဖွေစမ်းသပ်စစ်ဆေးလို့ရပါတယ်။ကျီးပေါင်းပိုမဆိုးလာခင် ပြန်လည်သန်စွမ်းရေးဆရာဝန်များ၊အရိုးဆရာဝန်များနှင့် တိုင်ပင်ပြီး သောက်ဆေး၊ထိုးဆေးနဲ့ အရိုးအတွက်လေ့ကျင့်ခန်းများ ပြုလုပ်လို့ရပါတယ်ရှင်။ 

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/bone&jointကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။





    in Bone and Joint Care
    လူအများကြားက ဂေါက်
    ဂေါက်ရောဂါဆိုတာ အဆစ်အမြစ်တွေမှာ ယူရစ်အက်ဆစ် (Uric Acid)တွေ စုလာတာကြောင့် ရောင်ရမ်း နာကျင်တာတွေဖြစ်လာခြင်းကို ဆိုလိုပါတယ်။