Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဇာတ်ကြောခဏခဏတက်သူတို့အတွက်

ခဏခဏ ဇာတ်​ကြောတက်​ဝေဒနာကို ခံစားရလာပြီဆိုရင်​တော့ နာတာရှည်​ရောဂါတစ်ခုအဖြစ် ​ပြောင်းသွားတတ်တာမို့ မ​ပေါ့ဆသင့်ပါဘူး။
  • All Blogs
  • Bone and Joint Care
  • ဇာတ်ကြောခဏခဏတက်သူတို့အတွက်
  • February 6, 2023 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    အရွယ်​ရောက်ပြီးတဲ့ လူတိုင်းနီးပါး ဇာတ်​ကြောတက်ဖူးကြမယ်လို့​တော့ထင်ပါတယ်။ ဇာတ်​ကြောတက်ခြင်းက နည်းနည်း​​လေးက​နေ အချို့မှာဆိုရင်​တော့ အ​တော်ပြင်းပြင်းထန်ထန်အထိ နာကျင်တာမျိုး ခံစားရတတ်ပါတယ်။ ပြီး​တော့ ဇာတ်​ကြောတက်တဲ့​ဝေဒနာဟာ နာရီပိုင်းအတွင်း ပြန်လည်သက်သာသွားတတ်သလို ရက်အတန်ကြာတဲ့အထိလဲ ခံစားရနိုင်ပါတယ်။ အလုပ်ပင်ပန်းလို့ဖြစ်​စေ၊ အထိုင်များလို့ဖြစ်​စေ၊ ကွန်ပြူတာ​တွေအသုံးပြုရတာများလို့ဖြစ်​စေ၊ စိတ်ဖိစီးမှုများလို့ဖြစ်​စေ ရံဖန်ရံခါ ဇာတ်​ကြောတက်​ဝေဒနာကို ခံစားရတတ်​ပေမယ့် .. ခဏခဏ ဇာတ်​ကြောတက်​ဝေဒနာကို ခံစားရလာပြီဆိုရင်​တော့ နာတာရှည်​ရောဂါတစ်ခုအဖြစ် ​ပြောင်းသွားတတ်တာမို့ မ​ပေါ့ဆသင့်ပါဘူး။

    ဇာတ်​ကြောခဏခဏတက်တတ်တဲ့သူ​တွေအတွက် အကြံ​ပေးချင်တာက​တော့ ..

    ပုံစံတစ်မျိုးထဲနဲ့အချိန်ကြာမြင့်စွာ မ​နေပါနဲ့
    ပါဝါမျက်မှန်တပ်တဲ့သူဆိုရင် မျက်မှန်ပါဝါကို မှန်ကန်ပါ​စေ
    အိပ်စက်တဲ့အခါ ကိုယ့်အတွက် မြင့်​သော၊ မာ​သော ​ခေါင်းဦးများကို အသုံးမပြုပါနဲ့
    ဖုန်းအသုံးပြုတဲ့ screen time ကို​လျော့ချပါ
    ​ဆေးလိပ်မ​သောက်ပါနဲ့
    စိတ်ဖိစီးမှုကို ​လျော့ချဖို့ကြိုးစားပါ
    ​မပြင်းထန်​​သော​လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပါ


    ဇာတ်​ကြောတက်ခြင်းကို ​ဖြေ​လျော့နိုင်တဲ့ကုသမှုများ

    ဒါ​လေး​တွေကို မဖတ်ခင် အရင်ဦးဆုံးအ​နေနဲ့က​တော့ .. လည်ပင်းနဲ့ဂုတ်ပတ်လည်မှာနာကျင်တာ၊ ဦး​ခေါင်းကို ဘယ်/ညာ/အထက်/​အောက် လှုပ်လို့မရတာ​တွေအားလုံးဟာ ကျွမ်းကျင်​သော ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့လိုတယ်ဆိုတာကို သိထား​ပေးပါ။ မပြင်းထန်​သော ဇာတ်​ကြောတက် ဇာတ်​ကြောနာခြင်း​တွေကို​တော့ ​အောက်ပါတို့ကို ပြုလုပ်ခြင်းဖြင့် သက်သာ​စေနိုင်ပါတယ်​နော်။

    ​ရေ​နွေးအိတ် နဲ့ ​ရေခဲကို အလှည့်ကျစီ နာရီပိုင်းခြားပြီးကပ်နိုင်ပါတယ်။ ​ရေခဲက ​ရောင်ရမ်းခြင်းကို​လျော့​နည်း​စေပြီး ​ရေ​နွေးအိတ်က​တော့ ​သွေးလည်ပတ်မှုကို ​ကောင်းမွန်​စေပါတယ်။
    ​ဒဏ်​ကြေလိမ်း​ဆေးအသုံးပြုနိုင်ပါတယ်
    လည်ပင်း​ကြောဆန့်ခြင်း၊ လည်ပင်းတစ်ဝိုက်ကိုအ​ကြော​လျော့ခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဒါ​ပေမယ့် ရုတ်တရက် ဆတ်ခနဲ အ​ကြောဆန့်တာမျိုးကို​တော့ လုံးဝမလုပ်သင့်ပါဘူး​နော်။
    စနစ်ကျ ကျွမ်းကျင်​သော နှိပ်နယ်ခြင်းမျိုး ခံယူနိုင်ပါတယ်

    ​နောက်ဆက်တွဲ ပြဿနာများ (သို့) ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

    အများစုကတော့ အိမ်တွင်းကုသမှုများဖြင့် သက်သာလေ့ရှိပါတယ်။ ရက်အတန်ကြာတဲ့အထိ မသက်သာခဲ့ရင်တော့ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ရက်အတန်ကြာနာကျင်တာ ဇတ်ကြောတက်နေတာမျိုးမဟုတ်ခဲ့ရင်တောင် ဒီလိုလက္ခဏာတွေရှိလာခဲ့မယ်ဆိုရင်လဲ ဆရာဝန်နဲ့ပြသပြီး ကုသမှု ခံယူသင့်ပါတယ်

    အရမ်းနာကျင်လာလျှင်
    ရက်အတန်ကြာထိ မသက်သာဘဲ ပိုမိုဆိုးလာလျှင်
    လက်မောင်းနှင့် ခြေထောက်ထိ နာကျင်လာလျှင်
    ခေါင်းကိုက်ခြင်း၊ ထုံကျင်ခြင်း၊ အားနည်းခြင်း ၊တဆစ်ဆစ်ဖြစ်ခြင်း အစရှိသည်တို့ပါဖြစ်လာလျှင်
    ပျို့ခြင်း အန်ခြင်းတို့ ဖြစ်​ပေါ်လာလျှင်
    ထိခိုက်မိရာမှ ဖြစ်ပေါ်လာသော ဇတ်ကြောနာခြင်း(ဥပမာ- ကားမတော်တဆမှုမှ ၊ရေကူးရာမှ ၊ပြုတ်ကျရာမှ) ဆိုရင်​တော့ ဆရာဝန်နှင့် အရေးပေါ်ကုသသင့်ပါတယ်​နော်

    ​ဟုတ်ကဲ့ပါဗျ .. ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ ​နေ့စဥ်ဘဝမှာ ဇာတ်​ကြောတက်ခြင်း ကင်းကင်းနဲ့ စိတ်အ​နှောက်အယှက်ကင်းစွာ သွားလာလှုပ်ရှားနိုင်ကြပါ​စေ​နော်။ ပြီး​​တော့ … 

    ဇာတ်​ကြောမကြာခဏတက်ခြင်းအပါအဝင် အခြား​သော အရိုးအဆစ်ဆိုင်ရာ ကျန်းမာ​ရေးပြဿနာများအတွက် ကျွမ်းကျင်​သော အရိုး​အ​ကြောနှင့်အဆစ်အမြစ်ဆိုင်ရာ အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



    in Bone and Joint Care
    မပေါ့ဆသင့်တဲ့ ဒူးချောင်ခြင်း
    ဒူးချောင်ခြင်းက အသက်အရွယ် ကြောင့်လား၊ ဘယ်လိုအရာတွေက ဒူးချောင်ခြင်းကို ဖြစ်စေပါသလဲ