Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ကော်လဂျင် သောက်တာကတကယ်အကျိုးရှိလား

  • All Blogs
  • Beauty and Skin Care
  • ကော်လဂျင် သောက်တာကတကယ်အကျိုးရှိလား
  • January 30, 2023 by

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    အလှတရားတစ်ခုကို ဖန်တီးဖို့အတွက် ကော်လဂျင်ကို လူတော်တော်များများသောက်လာကြပါပြီ။ ကော်လဂျင်ခေတ်လို့ တင်စားမယ်ဆိုရင်တောင် မှားမယ်မထင်ပါဘူး။ 

    ကော်လဂျင်ဆိုတာဘာလဲ 

    ကော်လဂျင်ဆိုတာ ခန္ဓာကိုယ်မှ အလိုအလျောက်ထုတ်ပေးနေတဲ့ မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပါတယ်။ အရိုး၊ အရွတ်နဲ့ အရေပြားတို့မှာ အများဆုံးတွေ့ရပါတယ်။ အသားအရည်ကောင်းမွန်စေပြီး အရိုးတွေသန်မာစေဖို့အတွက် အဓိက လုပ်ဆောင်ပါတယ်။ 

    ကော်လဂျင် သောက်တာကတကယ်အကျိုးရှိလား 

    တိုတိုပြောရရင်တော့ တကယ်အကျိုးရှိပါတယ်။ ခန္ဓာကိုယ်တွင်းရှိ ကော်လဂျင်က အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းလျှော့နည်းလာတာကြောင့် အသားအရည်တွဲလာပြီး အရေပြားတွေတွန့်လာမယ်၊ အရေကြောင်းတွေပေါ်လာမယ်။ ဒါ့အပြင် နေရောင်ခြည်ထိတွေ့မှုများတာ၊ အရက်ဆေးလိပ်အသောက်များတာ၊ စိတ်ဖိစီးမှုများတာတို့ဆိုရင် ခန္ဓာကိုယ်ထဲက ကော်လဂျင်ကို နှစ်ဆပိုဆုံးရှုံးစေနိုင်ပါတယ်။ အစားအစာတွေကနေ ကော်လဂျင်ရနိုင်တယ်ဆိုပေမယ့် ကိုယ်ကမျှတအောင် စားဦးမှကိုး။ 

    ဒါကြောင့် ကော်လဂျင်ဖြည့်စွက်စာတွေကို ထိရောက်တဲ့ပမာဏဖြင့် ပုံမှန်သောက်ပေးမယ်ဆိုရင်

    - အသားအရေကို တင်းရင်းစေတယ်
    - ကြည်လင်းဝင်းပစေတယ်
    - နုပျိုစိုပြေစေတယ်
    - အရေးကြောင်းတွေကို သက်သာစေတယ်
    - ဆံပင်နဲ့ လက်သည်းတို့ကို ကောင်းစေတယ်
    - အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတို့မှ ကင်းဝေးစေတယ်ပါတယ်။ 

    အလှအပအတွက်သာမက အရိုးအဆစ်တွေကိုလည်း သန်မာစေတယ်။ အဆစ်အမြစ်ကိုက်ခဲတာ၊ ဒူးနာတာတို့ကိုပါ လျှော့ချပေးနိုင်ပါတယ်။

    ကော်လဂျင် ဘယ်နှမျိုးရှိလဲ 

    ကော်လဂျင်အမျိုးအစားကတော့ အများကြီးရှိပါတယ်။ အဲ့ထက်ကမှ ဖြည့်စွက်စာတွေမှာ အသုံးများတာကတော့ Type I, Type II, Type III Collagen တို့ပဲဖြစ်ပါတယ်။ ကော်လဂျင် Type တစ်မျိုးတည်း ပါတဲ့ဖြည့်စွက်စာရှိသလို ကော်လဂျင် Type နှစ်မျိုး သုံးမျိုးလောက် ရောထားတာတွေလဲ ရှိပါတယ်။ အဲ့ထဲကမှ Type I collagen က အသားအရည်၊ ဆံပင်နဲ့ လက်သည်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။

    ကော်လဂျင်ကို ဘယ်လောက်ပမာဏထိ သောက်လို့ရလဲ 

    တစ်နေ့ကို ကော်လဂျင် 2500mg ကနေ 15000mg ထိသောက်လို့ရပါတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေအနေနဲ့ကတော့ ကော်လဂျင်မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲ သောက်သင့်ပါတယ်။ 

    ကော်လာဂျင်ကို မနက်သောက်ရမှာလား ညသောက်ရမှာလား

    မနက်သောက်သောက် ညသောက်သောက် အဆင်ပြေသလို သောက်လို့ရပါတယ်။ မနက်ပိုင်းသောက်မယ့်သူဆိုရင် မနက်နိုးနိုးချင်း အစာမရှိတဲ့အချိန် ဘာမှမစားခင် empty stomach ဖြစ်နေတဲ့ချိန်မှာ သောက်ဖို့လိုပါတယ်။ ညမှသောက်ဖြစ်တယ်ဆိုရင်တော့ မအိပ်ခင်လေး သောက်လိုက်ပါ။ 

    ကော်လဂျင်သောက်ပြီး ဘယ်လောက်ကြာရင် သိသာလဲ 

    ကော်လဂျင်သောက်မယ်ဆိုရင် အခုသောက် အခုလှချင်လို့တော့ မရပါဘူး။ (၃)လလောက်ကြာမှ ရလာဒ်ကို သိသိသာသာမြင်ရမှာ ဖြစ်ပါတယ်။ 

    ကော်လာဂျင်က ဝက်ခြံအတွက်ကောင်းလား 

    ကော်လဂျင်က ဝက်ခြံကိုတော့ မကုသနိုင်ပါဘူး။ အသားအရည်ကောင်းစေတယ်ဆိုပေမယ့် ဝက်ခြံမဖြစ်အောင် တားပေးတာ၊ ပေါက်နေတဲ့ ဝက်ခြံကိုပျောက်စေတာမျိုးတော့ မလုပ်ဆောင်ပေးနိုင်ပါဘူး။ 

    ကော်လဂျင်က ဆိုးကျိုးရှိလား 

    ရင်ပူတာ၊ ရင်ဘက်အောင့်တာ၊ ရင်ပြည့်သလိုခံစားရတာ စတဲ့အပျော့စားလက္ခဏာတွေလောက်တော့ ခံစားရတတ်ပါတယ်။ 

    ကော်လာဂျင်က ကျောက်ကပ်ကို ထိခိုက်စေလား 

    လူအများစုအတွက် ကျောက်ကပ်ကို မထိခိုက်စေပေမယ့်လဲ ကျောက်ကပ်ကျောက်တည်နိုင်ခြေ မြင့်မားတဲ့သူတွေအနေနဲ့ကတော့ မသောက်တာ အကောင်းဆုံးပါ။ 

    Plant-based နဲ့ Animal-based Collagen ဘာကွာလဲ 

    အပင်မှ အခြေခံပြီးထုတ်ထားတဲ့ Plant-based Collagen ကို Vegan Collagen လို့လဲ ခေါ်ပါတယ်။ Vegan Collagen က ခန္ဓာကိုယ်မှ ကော်လဂျင်ထုတ်လုပ်မှုကို တိုးစေတဲ့ Collagen Booster တွေပဲဖြစ်ပါတယ်။ တိရစ္ဆာန်တွေမှ ထုတ်ထားတဲ့ Animal-based Collagen ကတော့ ခန္ဓာကိုယ်ထဲမှ ကုန်ဆုံးသွားတဲ့ ကော်လဂျင်ကို အစားထိုးပြန်ဖြည့်ပေးတဲ့ ဖြည့်စွက်စာ (Supplement) တွေပဲဖြစ်ပါတယ်။ 

    ကော်လဂျင်ကို ဘယ်လောက်ပမာဏထိသောက်ဖို့လိုလဲ၊ ဘယ်ချိန်ထိသောက်ရမလဲနဲ့ ပတ်သက်ပြီး အရေပြားနဲ့ အလှအပရေးရာအထူးကုဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် တိုင်ပင်ဆွေးနွေးလိုပါက My-Medicine ကိုနှိပ်၍ (သို့) အောက်မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းပြီး ရက်ချိန်းရယူနိုင်ပါတယ်။



    in Beauty and Skin Care
    ဆံပင်ကျွတ်ခြင်းကို သဘာဝနည်းလမ်းနဲ့ ဘယ်လိုထိန်းသိမ်းကြမလဲ