Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ထိမိရုံနဲ့တင်နာတဲ့ဝက်ခြံတွေကိုသက်သာစေဖို့

  • All Blogs
  • Beauty and Skin Care
  • ထိမိရုံနဲ့တင်နာတဲ့ဝက်ခြံတွေကိုသက်သာစေဖို့
  • March 3, 2025 by
    Hsu Pyae Sone

    ဝက်ခြံဖြစ်ပြီဆိုရင် စိတ်ညစ်ရတာ မိန်းကလေးရော ယောက်ျားလေးရော တူတူပါပဲ။ဝက်ခြံကြောင့် ပိုးမဝင်ရအောင်၊နောက်ဆက်တွဲအမာရွတ်တွေ မဖြစ်အောင်၊ဝက်ခြံကြောင့် ချိုင့်ခွက်တွေမဖြစ်အောင် အမြန်ကုသဖို့လိုအပ်ပါတယ်။ဝက်ခြံကို အကြမ်းအားဖြင့် ဟိုမုန်းဝက်ခြံ၊မှိုဝက်ခြံ နဲ့ ပိုးဝင်ဝက်ခြံဆိုပြီး ခွဲလို့ရပါတယ်။ ဒါပေမဲ့ ဘယ်ဝက်ခြံပဲဖြစ်ဖြစ် ထိမိရုံနဲ့ နာတာ သက်သာစေဖို့အိမ်တွင်းကုထုံးနည်းလမ်း တွေကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ရေခဲကပ်ပါ။

    ရေခဲတုံးကို မျက်နှာနဲ့ တိုက်ရိုက်ထိတွေ့ခြင်းက အရေပြားကိုလောင်စေပါတယ်။ဒါကြောင့် အဝတ်ပါးနဲ့ထုပ်ပြီး နာနေတဲ့ဝက်ခြံပေါ် ၅-၁၀ မိနစ်လောက် ကပ်ပေးပါ။ ရောင်ရမ်းမှုလျော့ပြီး နာကျင်မှုသက်သာစေပါတယ်။

    ၂။Skincare products တွေထဲမှာ cica နဲ့ tea tree oil ပါတာကို သုံးပါ။

     Cica နဲ့ Tea tree က အရေပြားရောင်ရမ်းတာကို သက်သာစေပြီး ပိုးသေစေပါတယ်။

    ၃။Steroid ပါဝင်သော/silicone ပါဝင်သော ပစ္စာည်းများရှောင်ပါ။

    ချွေးပေါက်ပိတ်တဲ့အခါ ဝက်ခြံပိုပေါက်စေလို့ ကိုယ်သုံးတဲ့ပစ္စည်းထဲမှာ ဒါတွေပါရင်ရှောင်ပါ။

    ၃။မျက်နှာကို ညင်သာစွာသန့်စင်ပါ။

    ဆပ်ပြာအပျော့စားနဲ့ တစ်နေ့နှစ်ကြိမ်သန့်စင်ပါ။ဝက်ခြံရှိတုန်း scrub တိုက်တာ၊ အလွန်အကျွံသစ်တာကို ရှောင်ပါ။Salicylic acid ပါတဲ့မျက်နှာသစ်ဆေးတွေက ဝက်ခြံကိုသက်သာစေပါတယ်။

    ၄။သဘာဝပစ္စည်းများ အသုံးချပါ။

    အာလူးစိမ်းပါးပါးကပ်ပေးခြင်းနဲ့ ပျားရည်ကို ဝက်ခြံပေါ်လိမ်းပြီး ခဏထားကာ ရေဆေးချခြင်းတို့က ဘက်တီးရီးယားကို သေစေပြီး အရေပြားကို အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။

    ၅။ဝက်ခြံကပ်ပစ္စည်း patch လေးများ အသုံးပြုပါ။

    အလှအပရေးရာအပြင် ဝက်ခြံပိုးသေစေတဲ့ အာနိသင်ပါတဲ့ patch လေးတွေကို ဝက်ခြံတွေမှာ လိုက်ကပ်ထားခြင်းက ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

    ဒါပေမယ့် ဝက်ခြံတွေ ပိုဆိုးလာပြီး နီရဲနာကျင်နေရင်၊အိမ်တွင်းကုထုံးတွေ နဲ့ မသက်သာရင်၊ပိုပွါးလာရင် နဲ့ အမာရွတ်ဖြစ်လာရင် တော့ ဆရာဝန်နဲ့ပြသပြီး သောက်ဆေး၊လိမ်းဆေးအပြင် ခေတ်မှီအလှအပရေးရာကုထုံးများနဲ့ ကုသမှုခံယူဖို့လိုအပ်ပါတယ်။ဝက်ခြံကို လက်နဲ့ညှစ်တာ၊ ကုတ်ဖဲ့တာတို့ကို ပိုးဝင်ပြီး အမာရွတ်ဖြစ်နိုင်လို့ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

    စိတ်ဖိစီးမှုလျှော့ဖို့၊ခေါင်းအုံးနဲ့ မျက်နှာသုတ်ပုဝါသန့်ဖို့၊အိပ်ရေးဝဝအိပ်ဖို့တွေကလည်း အဓိကလုပ်ဆောင်သင့်တဲ့အချက်တွေပါပဲ။ဒါ့အပြင် အရက်၊ဆေးလိပ်၊ဆီကြော်အစားအစာတွေနဲ့ ဒိတ်လွန်နေတဲ့အလှအပရေးရာပစ္စည်းတွေကလည်း ဝက်ခြံတွေရဲ့ အထူးရန်သူဖြစ်ကြောင်း သတိထားဖို့ မမေ့ရဘူးနော်။

    in Beauty and Skin Care
    ကော်လာဂျင်က 18နှစ်ပြည့်မှ သောက်လို့ရတာလား