Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဆံပင်ကျွတ်ခြင်းကို သဘာဝနည်းလမ်းနဲ့ ဘယ်လိုထိန်းသိမ်းကြမလဲ

  • All Blogs
  • Beauty and Skin Care
  • ဆံပင်ကျွတ်ခြင်းကို သဘာဝနည်းလမ်းနဲ့ ဘယ်လိုထိန်းသိမ်းကြမလဲ
  • July 29, 2025 by
    Hsu Pyae Sone

    အမျိုးသမီးတို့ရဲ့ ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်ရဲ့ ကောင်းခြင်းကလည်း တစ်ခုပါပါတယ်။ ဒါ့အပြင် Anesthetic အလှအပရေးရာအဖြာဖြာဟာ ပိုပြီး လက်လှမ်းမီလာတာနဲ့ အမျှ အမျိုးသမီးတွေသာကမက အမျိုးသားတို့လည်း ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်လာတာ စတာတွေကို သေချာကုသလာတာလည်း တွေ့ရပါတယ်။

     ဆံပင်ဟာ Keratin နဲ့ အခြားသော amino acid protein အသားဓါတ် များစွာနဲ့ ဖွဲ့စည်းထားပါတယ်။ ဆံပင်ကျွတ်ရတဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်။ မျိုးရိုးအရ၊ ဦးရေပြားရောဂါ၊ ဆေးတွေ၊ သွေးအားနည်းတာ၊ လည်ပင်းအဆိပ်ဓါတ်များတဲ့ရောဂါ၊ အရေပြားလေးဖက်နာ စတာတွေကြောင့် ဆံပင်ကျွတ်စေတတ်ပါတယ်။

    အဓိကကတော့ တကိုယ်ရည်သန့်ရှင်းရေးပါ။ ဆံပင်ကို တစ်ပတ်ကို ၂ကြိမ် ၃ကြိမ်လောက် လျှော်ပေးသင့်ပါတယ်။ ရေအပူထပ် သာမန်ရေအေးနဲ့ပဲ ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်တွေ ပမာဏအများကြီး ထည့်သုံးတာမျိုးမလုပ်သင့်ပါဘူး။ လေနဲ့ အခြောက်ခံတာ ဒါမှမဟုတ် သဘတ်ပျော့ပျော့နဲ့ ဖွဖွ သုတ်ပြီး အခြောက်ခံတာသာ လုပ်ရပါမယ်။ ဆံပင်ကို တအားကြီး ဆွဲပြီး သုတ်တာမျိုး၊ တင်းကျပ်နေအောင် ချည်နှောင်တာမျိုးကို ရှောင်ပါ။

    ဆံပင်ကို အပူပြင်းပြင်းနဲ့ ခဏခဏထိတွေ့စေတာ (hair styling devices ဆံပင်ကိုအပူပေး ပုံသွင်းတဲ့ပစ္စည်းတွေနဲ့အမြဲပုံသွင်းတာ)၊ ဆေးရောင်အမျိုးမျိုးပြောင်းဆိုးတာကလည်း ဆံပင်ကျွတ်လွယ်စေပါတယ်။ လုပ်သင့်တဲ့အချက်တစ်ခုကတော့ ဦးရေပြားလေးကို နှိပ်နယ်ပေးပါ။ ဒါက သွေးလည်ပတ်မှု ကောင်းစေပြီး ဆံပင်ကို ပိုသန်မာလာစေပါတယ်။ လူ့ခန္ဓာကိုယ် ရေဓါတ်ပြည့်ဝနေတာကလည်း ဆံပင်ကို သန်မာစေတာကြောင့် တစ်နေ့ကို ရေအနည်းဆုံး ၂လီတာ သောက်ပါ။ သံဓါတ်ပြည့်ဝအောင် အသားများများ (အမဲသား၊ ဝက်သား၊ ဆိတ်သား) နဲ့ ကန်စွန်းရွက် ဟင်းနုနယ်ရွက်များများစားပါ။ အသီးအနှံ ( ငှက်ပျောသီး၊ ထောပတ်သီး၊ မုန်လာဥနီ၊ ကန်စွန်းဥ) နဲ့  နွားနို့ ကြက်ဥ များများစားပါ။

    တတ်နိုင်သမျှ ကိုယ်ရော စိတ်ပါ ဖိစီးမှု လျော့နည်းအောင် ကြိုးစားနေထိုင်ပါ။ ဆေးလိပ်လုံးဝ မသောက်သင့်ပါဘူး။ ဆေးပညာအရ တစ်နေ့ကို ဆံပင် အပင် ၅၀ မှ ၁၅၀ လောက်ထိက  ပုံမှန်ကျွတ်နိုင်တဲ့ ပမာဏလို့ သတ်မှတ်ပါတယ်။ ဒါထပ်မက ကိုင်လိုက်တာနဲ့ အထွေးလိုက်ကျွတ်တာ၊ ဦးရေပြားမှာ ကွက်ပြီးကျွတ်တာ (သို့မဟုတ်) ဖျားတာ၊ ဝမ်းလျှောတာ၊ စားသလောက်မဝဘဲ ပိန်ပိန်လာတာ၊ ပါးစပ်ထဲမှာ အနာတွေပေါက်တာ၊ ခန္ဓာကိုယ်မှာ အနီအကွက်အစက်တွေ ပေါ်လာတာ စတာတွေနဲ့ တွဲလာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်သင့်ကြောင်း အကြံပြုလိုက်ရပါတယ်။ 

    in Beauty and Skin Care
    စိုထိုင်းစများတဲ့ရာသီမှာ အသားရေထိန်းသိမ်းနည်း